ကြာအင်းဆိပ်ကြီးမြို့၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ကြာအင်းဆိပ်ကြီး  ၁၅     အောက်တိုဘာ

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဝါတွင်းကာလသုံးလသီတင်းသုံး    နေထိုင် တော်မူကြသော ဆရာတော်သံဃာတော် ရှင်သာမဏေများအား လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် မြို့နယ် လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ကျင်းပသည်။

 

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ကျေးရွာများမှ ပင့်ဖိတ်ထားသော ဘုန်းတော်ကြီးကျောင်း(၂၈)ကျောင်း၊ ဆရာတော်သံဃာတော် ရှင်သာမဏေ အပါး ၂၂၀ တို့အား အမှတ်(၃)ရပ်ကွက် ရွှေဝါလမ်းထိပ်ရှိ မဏိရတနာကမ်းနားကျောင်းစာသင်တိုက်မှ အမှတ်(၄) ရပ်ကွက်၊အမှတ်(၅)ရပ်ကွက်၊အမှတ်(၆)ရပ်ကွက်၊အမှတ်(၁)ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်း စိုက်ပျိုးရေးလမ်းတစ်လျှောက် ကြွချီအလှူတော်ခံယူတော်မူပြီး စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် အလှူရှင်ဒါယကာ ဒါယိကာမများမှ လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ပျော်ရွင်ကြည်နှုးစွာဖြင့် လောင်းလှူ ပူဇော်ခဲ့ကြောင်း သိရသည်။

 

မျိုးမင်းဦးပြန်/ဆက်