ဇင်းကျိုက်မင်္ဂလာကန်တော်ကြီး ရေလယ်ဘုရားတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဇင်းကျိုက် ၁၁   အောက်တိုဘာ  

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်ရှိ မင်္ဂလာကန်တော်ကြီး ရေလယ်ဘုရားတွင် (၅၇) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို အောက်တိုဘာ ၁၁ ရက် (သီတင်းကျွတ်လဆန်း ၁၃ ရက်) မွန်းလွဲ  ၂နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ယင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲမကျင်းပမီပင့်ကျောင်းစဉ်များအလိုက် အလှူရှင်များကလှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကိုဆက်လက်ကျင်းပခဲ့ရာတွင်  ဇင်းကျိုက်မြို့ပေါ်နှင့် ရပ်နီး ၊ ရပ်ဝေးများမှ ပင့်ကျောင်း ၂၉ ကျောင်းတို့မှ ပင့်သံဃာတော် အရှင်သူမြတ်(၂၅၆ )ပါးကြွရောက်၍ အလှူခံတော်မူရာတွင် ဇင်းကျိုက်မြို့ပေါ်မှ စေတနာရှင်အလှူရှင်တို့က  သံဃာ့အသုံးအဆောင်များနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။


နေခြည် (ဇင်းကျိုက်)