ဇင်းကျိုက်မြို့၌ “လူငယ်နှင့်လူမှုမီဒီယာ” စကားဝိုင်း ပြုလုပ်

သထုံခရိုင် ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျင်းပသော လူငယ်နှင့်လူမှုမီဒီယာ စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီတွင် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ အထက(ဇင်းကျိုက်) ရတနာမွန်ခန်းမတွင် ကျင်းပခဲ့သည်။
 
 
 
ရှေးဦးစွာ ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က လူမှုမီဒီယာအကြောင်း ပြောကြားပြီး ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီချိုက ပြည်သူ့စကားဝိုင်း ကျင်းပခြင်း၏ ရည်ရွယ်ချက်များ ပြောကြား၍ လူငယ်နှင့်လူမှုမီဒီယာ စကားဝိုင်းကို စတင်ကျင်းပခဲ့ကြောင်း သိရသည်။
 
 
 
စကားဝိုင်းသို့ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား ကျောင်းသူများ၊ အဖွဲ့အစည်းများနှင့် မိုဘိုင်းကွန်ရက် အသုံးပြုလုပ်ကိုင်သော လုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၂၃၀  တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 
 
 
ဇင်မျိုးသူ