ဇမ္ဗူသီရိမြို့နယ်၌ Mask Campaign ပြုလုပ်

နေပြည်တော်       စက်တင်ဘာ        ၈

 

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းမှ စတင်၍  Mask Campaign ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

 

ထို့သို့ Mask Campaign ပြုလုပ်ရာတွင် ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဈေးစည်ပင် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ အောင်ဇမ္ဗူရပ်ကွက်၊ ရွှေကြာပင်ဈေး၊  သပြေကုန်းဈေး၊ မြို့မဈေး၊ အမှတ် () အခြေခံပညာ အထက်တန်းကျောင်းနှင့် ဧရာဝတီလမ်း တို့တွင် ဒေသခံပြည်သူများ၊ ဈေးရောင်းသူ၊ ဈေးဝယ်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား Mask Campaign ပြုလုပ်ခြင်းနှင့် Mask တပ်ဆင် သွားလာရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြပြီး Mask အခု ၁၅၀၀ အား ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။

 

မြို့နယ်(ပြန်/ဆက်)