ဇမ္ဗူသီရိမြို့နယ်၊ “စစ်မှန်” မြန်မာ့စက်မှုလက်မှု အနုပညာလုပ်ငန်းနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းဆိုင်တွင် လက်မှုအနုပညာပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချ

နေပြည်တော် ၂၆  ဇူလိုင်

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း “စစ်မှန်” မြန်မာ့စက်မှုလက်မှု အနုပညာလုပ်ငန်းနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းကို ၂၀၁၅ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး အနုပညာလက်ရာမြောက် ပန်းပုလုပ်ငန်းဖြစ်သည့် ရုပ်တု၊ လုပ်လုံး၊ ရုပ်ကြွများ၊ ကျောက်ဆစ် လုပ်ငန်း၊ အဆောက်အဦများတွင် အလှဆင်ပစ္စည်းများ၊ ခန်းဆီး၊ လိုက်ကာ၊ ပန်းခက်၊ ပန်းဆွဲ၊ ပွတ်လုံး၊ မှန်ဘောင် စသည့်လုပ်ငန်း များအပြင် ရွှေချည်ထိုးလုပ်ငန်းများ၊ ပိုးထည်ချည်ထည် ရောင်းဝယ်ခြင်းလုပ်ငန်း၊ ယွန်းထည်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ငွေထည် ပစ္စည်းများ၊ ပန်းချီ ၊ ဓါတ်ပုံများ ရောင်းဝယ်ခြင်းနှင့် အနုပညာလက်ရာမြောက် ပစ္စည်းများကိုလည်း ပြည်တွင်း ဈေးကွက်တွင်သာမက နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် ပြည်ပဈေးကွက်အထိ တင်ပို့ ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသင်းအနေဖြင့် ထုတ်ကုန်ပစ္စည်းများကို အသင်းဆိုင်တွင် ပြခန်းဖွင့်လှစ်၍ လည်းကောင်း၊ ဈေးရောင်းပွဲတော် များတွင်လည်းကောင်း ပြသရောင်းချလျက်ရှိသည်။ လုပ်ငန်းတည်နေရာကို အသင်း၏ အလုပ်ရုံ ဖြစ်သည့် အမှတ်(၁၂၀)၊ သီရိရတနာအဆင့်အမြင့်ဈေး၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်တွင် ဖွင့်လှစ် ထားရှိကြောင်း သတင်းရရှိသည်။ 

MDN

 2 Captur