ဇလွန် ၆ ဒီဇင်ဘာ
“ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာ ထပ်ဆင့်ပွား’’ ငြိမ်းချမ်းရေးခရီးစဉ်ရေယာဉ်ကြီးသည် ဇလွန်မြို့ ကမ်းနားရပ်ကွက် ကျည်းပင်ဆိပ် ဆိပ်ကမ်းသို့ ယနေ့နံနက် ၉ နာရီတွင် ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းသား/ကျောင်းသူ များ နှင့်နိုင်ငံရေးပါတီများမှ ဧရာဝတီမြစ်ဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
အဆိုပါ ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့သည် မြို့နယ်ပြည်သူ့အားကစားခန်းမတွင် လွှတ်တော်ကိုယ်စား လှယ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲနှင့် ဟောပြောပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ ဇလွန်(ပြန်/ဆက်)