ဇလွန်မြို့နယ်တွင် အခြေခံလျှပ်စစ်သွယ်တန်းခြင်း နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

ဇလွန်၊    ၁၈    ဒီဇင်ဘာ    

 

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် အခြေခံလျှပ်စစ် သွယ်တန်းခြင်း နည်းပညာသင်တန်း ၁/၂၀၂၀ ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် မေရီလန်းကျေးရွာအုပ်စု ၊ မေရီလန်းကျေးရွာတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည် ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဌေးဝင်းတို့က ယခုသင်ကြားခဲ့သော အတတ်ပညာများသည် မိမိတို့မိသားစု စားဝတ်နေရေး အထောက်အကူ ဖြစ်စေရန်နှင့် လူနေမှုဘဝတိုးတက်မြင့်မားစေရန် အတွက်သင်ကြားပေးခဲ့သော ပညာရပ်များကို လက်တွေ့ ကျကျ အသုံးချရန်နှင့်မြို့နယ်အတွက် အကျိုးရှိစွာအသုံးချ နိုင်ရန်မှာကြာခဲ့ပြီး သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့သည်။

 

ယင်းနောက်သင်တန်းတွင် ဆုရရှိသူများအား ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ဝေယံ -  ဇလွန် (ပြန် / ဆက်)