ဇလွန်ကလေးစာပေပွဲတော် ပထမနေ့တွင် စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ၌ လာရောက်ဖတ်ရှု လေ့လာသူများဖြင့် စည်ကား

ဇလွန် ၄ နိုဝင်ဘာ

 

ဟင်္သာတခရိုင်၊ ဇလွန်မြို့ အ.ထ.က (၁)တွင် ကျင်းပသည့် ကလေးစာပေပွဲတော် ပထမနေ့ကို ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပရာ စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ၌ လာရောက် ဝယ်ယူဖတ်ရှု လေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

စာအုပ်ဈေးရောင်းပွဲတော်တွင် ကလေးဖတ် ကာတွန်း၊ ပုံပြင်၊ ဗုဒ္ဓဝင်ရုပ်ပြ၊ ဉာဏ်စမ်းပဟေဠိနှင့် လူကြီးဖတ် သုတစာပေ၊ ရသစာပေ၊ ရှားပါးစာပေများကို တစ်နေရာထဲတွင် ဈေးနှုန်းချိုချိုဖြင့် ရရှိနိုင်မည်ဖြစ်ပြီး  မြန်မာစာပေချစ်မြတ်နိုးသူများ လက်ဝယ်အရောက် စာအုပ်စာပေများကို ချိုသာသော ဈေးနှုန်းဖြင့် စာအုပ်အရောင်းဆိုင်များမှ စုပေါင်း၍ လာရောက်ရောင်းချခြင်းဖြစ်ကာ စာပေဝါသနာရှင် လူကြီး၊ လူငယ်၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများမှ မိမိတို့ကြိုက်နှစ်သက်သော စာအုပ်များကို ဖတ်ရှုလေ့လာနိုင်ကြောင်းနှင့် နိုဝင်ဘာ ၄ ရက်မှ ၅ ရက်အထိ ခင်းကျင်းပြသ၍ ရောင်းချပေးသွားမည်ဖြစ်သည်။

 

၅

 

အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ လာရောက်ဝယ်ယူ ဖတ်ရှုလေ့လာကြပြီး အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ 

 

မြို့နယ် (ပြန်/ဆက်)