ဇလွန် ကလေးစာပေပွဲတော် ဒုတိယနေ့ လာရောက်ကြည့်ရှု့လေ့လာသူများဖြင့် စည်ကား

ဇလွန် ၅ နိုဝင်ဘာ

 

ဟင်္သာတခရိုင်၊ ဇလွန်မြို့ အ-ထ-က(၁)ကျောင်းတွင် ကျင်းပသည့် ကလေးစာပေပွဲတော် ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီက ဆက်လက်ကျင်းပရာ လာရောက်ကြည့်ရှု့လေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဇလွန်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော် ဒုတိယနေ့တွင် ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများ၊ ဆေးရောင်ခြယ် ပြိုင်ပွဲများ၊ စက္ကူခေါက်ပြိုင်ပွဲများ၊ ထုပ်စည်းထိုးပြိုင်ပွဲများ၊ ကာတွန်းပြပွဲနှင့် ပုံတူပန်းချီ ရေးဆွဲခြင်းများ၊ ပန်းချီပြိုင်ပွဲများ၊ အိမ်တည်ဆောက်မှုပြိုင်ပွဲများ၊ အရုပ်ဆက်ကစားနည်းများ၊ စကားပုံ ဆက်ကစားနည်းများ၊ Game က စားနည်းများ၊  စာပေဟောပြောပွဲ၊  ကလေးစာဖတ်ခန်း၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များအား မြို့နယ် အတွင်းရှိ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြည့်ရှု့လေ့လာသူများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲအလိုက် ပါဝင်ယှဉ်ပြိုင်မည့် အ‌ခြေခံပညာကျောင်းများမှ‌ ကျောင်းသား၊ ကျောင်းသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

 

MDN