ဇီးကုန်းလေးကျေးရွာတွင် ၁၂ ဘီးယာဉ် တူးမြောင်းအတွင်း ထိုးကျမှုဖြစ်ပွား

ရွှေဘို ၁ ဇွန်   

 

စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်တွင်  ဇွန် ၁ ရက် နံနက် ၁ နာရီအချိန်က နံရံကပ်ကြွေပြားများ တင်ဆောင်လာသော ၁၂ ဘီးယာဉ်မှာ ရွှေဘိုမြို့နယ် ဇီးကုန်းလေးကျေးရွာ အရှေ့ဘက် တူးမြောင်းအတွင်းသို့  ဆိုင်ကယ်အား တိမ်းရှောင်ရာမှ ထိုးကျခဲ့မှုဖြစ်ပွားခဲ့သည်။

 

မန္တလေးမြို့မှ ကလေးမြို့သို့သွားသည့် ယာဉ်မောင်း  မောင်အေး မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဖိုးလှ လိုက်ပါလာသည့် နံရံကပ်ကြွပြေားများ တင်ဆောင်လာသော  ၁၂  ဘီးမော်တော်ယာဉ်မှာ ရွှေဘိုမြို့နယ် မီးသတ်စခန်း၏ အနောက်ဘက် ၂ မိုင် ၄ ဖာလုံခန့်ကွာဝေးသည့် ဇီးကုန်းလေးကျေးရွာ အရှေ့ဘက်တူးမြောင်းအတွင်းသို့ ဆိုင်ကယ်အားတိမ်းရှောင်ရာမှ ထိုးကျခဲ့မှုဖြစ်ပွားခဲ့ခြင်းကို သတင်းရသဖြင့် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၁၂  ဦး တို့သည်  ရွှေဘိုခရိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၂၀  ဦးတို့နှင့် ပူးပေါင်း၍  ၁၂ ဘီးမော်တော်ယာဉ်ပေါ်မှ  နံရံကပ်ကြွေပြားများအား မြေပြင်ပေါ်သို့ သယ်ဆောင်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး တူးမြောင်းအတွင်းထိုးကျခဲ့သော ၁၂ ဘီးမော်တော်ယာဉ်၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

 

မိုးသောက် (ရွှေဘို)

 

15593