ဇစ်ပ်အဲတိုကျို လေကြောင်းလိုင်းများ တောင်ကိုရီးယားခရီးစဉ် စတင်ပျံသန်းမည်

၈ အောက်တိုဘာ

 

ဂျပန်နိုင်ငံ စရိတ်သက်သာသည့် ဇစ်ပ်အဲတိုကျို ခရီးသည်တင်လေကြောင်းလိုင်းသည် ယခုလအစောပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ စတင်ပျံသန်းမည် ဖြစ်သည်။

 

အဆိုပါလေကြောင်းလိုင်းသည် တောင်ကိုရီးယားလေကြောင်းအာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခံမည် ဖြစ်ကြောင်း သတင်းရင်းမြင်များက အန်အိတ်ချ်ကေ သတင်းဌာနကို ပြောကြားခဲ့သည်။

 

ထိုလေကြောင်းလိုင်းသည် တိုကျိုမြို့အနီး နာရိတာလေဆိပ်နှင့်ချိတ်ဆက်ကာ ဆိုးလ်မြို့သို့ ပျံသန်းမည် ဖြစ်သည်။

 

အာဏာပိုင်များသည် နှစ်နိုင်ငံအကြား  ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့မှုများ ဖြည်းဖြည်းချင်းစတင်လုပ်ဆောင်ခဲ့သည်။

 

ကာလတိုနှင့် ကာလရှည်နေထိုင်ကာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် နှစ်နိုင်ငံအကြား ပညာရေးနှင့်ပတ်သက်သောခရီးသွားလာမှုများကို ကြာသပတေးနေ့မှစတင်ကာ ခွင့်ပြုထားသည်။

 

ဇစ်ပ်အဲလေကြောင်းသည် ဂျပန်လေကြောင်းလိုင်းများတွင် အသစ်စတင်ပြေးဆွဲသောလေကြောင်းလိုင်းဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်မှုများဖြစ်ပွားသဖြင့် မူလစီစဉ်ထားသော  ခရီးသည်တင်ဝင်ဆောင်မှုလေကြောင်းလိုင်းများ မေလတွင် စတင်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို