ဟုမ္မလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့ဝင်မြို့ထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေး

ဟုမ္မလင်း ၂၃ ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်  နေ့စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိရာဟုမ္မလင်းမြို့ အဝင်အထွက် နောင်ပိုအောင်၊ နမ့်တောသွားသည့် ကားလမ်းဂိတ်၊ ဟုမ္မလင်းချင်းတွင်းတံတားဂိတ်၊ ဟုမ္မလင်းမြို့နယ် ညောင်သာကျေးရွာ အဝင်ဂိတ်  (၃)ဂိတ်များတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလားနေမှုများကို နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၅ နာရီခွဲအထိ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်များအရ ဟုမ္မလင်းမြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုအတွက်သာ သွားလာနိုင်သည့်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား သတ်မှတ်အချိန်ထိသာ သွားလာစေရန်၊ ကူးစက်ရောဂါမဖြန့်ပွားစေရေးအတွက် ကိုဗစ်-၁၉  ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အပူချိန်တိုင်းတာပေးခြင်း၊  လူစုလူဝေးများရှောင်ကြဉ်ကြရန်၊ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများ အသုံးပြုသွားလာကြရန် စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

 

a

 

အဆိုပါအသိပညားဆောင်ရွက်ရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်စိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ နေ့စဉ်ကျန်းမာရေး စစ်ဆေးမှုများစစ်ဆေးပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ ပေးဝေခဲ့ကြကြောင်းသိရသည်။

လင်းလင်း(ပြန်/ဆက်)