ဟန်ဂေရီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၄၀၀၀၀ ကျော်ရှိလာ

ဇန်နဝါရီ ၁၂

 

ဟန်ဂေရီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၄၀၀၀၀ ကျော်ရှိလာသည်ဟု ကိုဗစ်ဆိုင်ရာသတင်းဝက်ဘ်ဆိုက်တွင် ယမန်နေ့က ဖော်ပြထားသည်။

 

ယမန်နေ့က ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှု ၃၃၈၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားမှုပေါင်း ၁၃၀၀၉၉၄ ဦးအထိ မြင့်တက်လာသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ၆၉ ဦး သေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၄၀၀၁၆ ဦးရှိလာသည်။ ဆေးရုံများတွင် ဆေးကုသမှုခံယူဆဲလူနာ ၂၉၃၂ ဦး ရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၁၄၇၈၁၈ ဦး ရှိသည်ဟု သိရသည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်အစောပိုင်းတွင် ကိုဗစ်ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၃၀၀၀၀ အထိရှိခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ ၆၂၉၄၇၀၇ ဦးရှိပြီး ဒုတိယအကြိမ်ထိုးနှံပြီးသူ၆၀၃၃၆၇၅ဦးရှိသည်။ ကိုဗစ်ကာကွယ်ဆေးတတိယအကြိမ်အပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၃၂၉၂၁၇၅ ဦးရှိကြောင်း ထိုဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

အသက် ငါးနှစ်မှ ၁၁ နှစ် အရွယ်ကလေးများကိုလည်း ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံမှုလုပ်ဆောင်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို