ဟန်ဂေရီနိုင်ငံမှာ အသွားအလာကန့်သတ်မှုကို ဖေဖော်ဝါရီ ၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ် 

၈ ဇန်နဝါရီ

ဟန်ဂေရီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရန် အသွားအလာကန့်သတ်မှု တချို့ အား ဖေဖော်ဝါရီ ၁ရက်အထိ တိုးမြှင့်လိုက်ကြောင်း ဝန်ကြီးချုပ်က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေကို နိုဝင်ဘာလ ၁၁ ရက်နေ့က စပြီးထုတ်ပြန်ထားပါတယ်။ အရေးပေါ်အခြေအနေ အပြင် ည ၈ နာရီမှ နံနက် ၅ နာရီအတွင်း ညမထွက်ရအမိန့်နဲ့ အတူ လူစုလူဝေး ပြုလုပ်ခြင်းကို တားမြစ်ထားခြင်း၊ လူမြင်ကွင်းမှာ မျက်နှာဖုံးဝတ်ဆင်ရခြင်း၊ တက္ကသိုလ်နဲ့ အထက်တန်း ကျောင်းများကို အွန်လိုင်းမှသာ သင်ခိုင်းထားခြင်းအပါအဝင်  ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန် တားမြစ်ချက်အချို့ကို ထုတ်ပြန်ထား ပါတယ်။ 

ဝန်ကြီးချုပ်က လက်ရှိထုတ်ပြန်ထားတဲ့အမိန့် အားလုံးကို ဖေဖော်ဝါရီ ၁ ရက်နေ့အထိ တိုးမြင့် ထုတ်ပြန် လိုက်ကြောင်း၊ နိုင်ငံမှာ ကာကွယ်ဆေး အလုံအလောက် မရှိမခြင်း တားမြစ်ချက်တွေကို ဆုတ်ကိုင်ထားရမှာဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ ပြောကြားပါတယ်။  

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၁၁၅ ဦး ကြောင်း သောကြာနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၁၀,၄၄၀ ဦးရှိကြောင်း၊ ဆေးရုံမှာ ကုသခံယူနေရသူ ၅,၂၉၇ ဦးထဲမှ ၃၇၂ ဦးမှာ အသက်ရှုအထောက်အကူစက် တပ်ဆင်ထားရကြောင်း ထုတ်ပြန်ကြေညာပါတယ်။ 

MDN
ကိုးကား - AFP