ဟွန်ဒူးရပ်စ်၌ ဘောလုံးပရိသတ်များ အကြမ်းဖက်မှုဖြစ်ပွားရာ သုံးဦးသေ

၁၉ သြဂုတ်

 

ဟွန်ဒူးရပ်စ်တွင် ဘောလုံးအသင်းနှစ်သင်းအားပေးသည့် ပရိတ်သတ်များအကြား ရန်ပွဲဖြစ်ပွားရာ သုံးဦးသေဆုံးပြီး၊ ခုနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

 

အဆိုပါ အကြမ်းဖက်မှုသည် Tegucigalpa မြို့တော်တွင် စနေနေ့က အမျိုးသားအားကစားကွင်း၌ Motaguaနှင့် Olimpia တို့ ကစားမည့် ကစားပွဲမတိုင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ကစားကွင်းအတွင်း ရဲတပ်ဖွဲ့နှင့် ဘောလုံးချစ်သူများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ 

 

အခြားသူ ခုနှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သုံးဦးမှာ သေဆုံးခဲ့ကြောင်း ဒေသန္တရဆေးရုံမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။ 

 

Motagua ကစားသမားများတင်ဆောင်လာသည့် ဘတ်စ်ကားတစ်စင်းကို တိုက်ခိုက်ခဲ့ရာ သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ဘတ်စ်ကား၏ ပြတင်းပေါက်များ ကျိုးပေါက်နေပုံများကို ကားပေါ်တွင် လိုက်ပါလာသည့် အဖွဲ့မှ တွစ်တာပေါ်တွင် ပြသထားသည်။ 

 

နှစ်ဖက်စလုံးမှ အသင်းများမှ အားကစားပွဲအတွင်း အကြမ်းဖက်မှုလုပ်ရပ်ကျူးလွန်ခြင်းကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး အမျိုးသားဘောလုံးပြိုင်ပွဲကို ဖျက်သိမ်းခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်