ဟွန်ဘင်းနဲ့ အရပ်ကွာလွန်းတဲ့ ဆန်းရယ်ဂျင်

၂၉ ဇန်နဝါရီ

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “Crash Landing on You” ရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား ဟွန်ဘင်းနဲ့ မင်းသမီး ဆန်းရယ်ဂျင်တို့ဟာ လိုက်ဖက်တဲ့စုံတွဲတွေအဖြစ် ပရိသတ်တွေက သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးဟာ အရပ်ကွာခြားလွန်းတာကြောင့် အဆိုပါ ဇာတ်လမ်းတွဲရိုက်ကူးစဉ် ဆန်းရယ်ဂျင်ဟာ ခုံခုကာ ရိုက်ခဲ့ရကြောင်း ကိုရီးယား ဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ဟွန်ဘင်းဟာ အရပ်ရှည်လွန်းသူဖြစ်တာကြောင့် အချို့သော ဇာတ်ဝင်ခန်းတွေမှာ သူတို့နှစ်ဦးတွေ့ဆုံချိန် ဆန်းရယ်ဂျင်ဟာ ခြေထောက်အောက်မှာ ခုံခုကာ ရိုက်ကူးခဲ့ရပါတယ်။ ဆန်းရယ်ဂျင်ဟာ အရပ် ၁၆၅ စင်တီမီတာရှည်ပြီး အောက်မှာလည်း သုံးလက်မအမြင့်ရှိတဲ့ ဒေါက်ဖိနပ်ကို စီးထားပေမယ့် ဟွန်ဘင်းရဲ့ အရပ်နဲ့တော့ ကွာလွန်းနေပါတယ်။ ဟွန်ဘင်းရဲ့ အရပ်ဟာ ၁၈၅ စင်တီမီတာရှိတာကြောင့် အခြားသောသရုပ်ဆောင်တွေထက် သိသိသာသာ အရပ်ရှည်နေတာကိုလည်း ဒီဇာတ်လမ်းတွဲမှာ တွေ့မြင်ရပါတယ်။

 

အေးပြည့်