HIV ဝေဒနာရှင် ကို ဒုတိယအကြိမ်မြောက် အောင်မြင်စွာ ကုသနိုင်

၆ မတ်

HIV ဝေဒနာရှင် ကို ဒုတိယအကြိမ်မြောက် ပျောက်ကင်းအောင် ကုသနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ဝေဒနာရှင်နာမည်ကို “လန်ဒန်လူနာ”ဟု အမည်ဝှက်ပေးထားပြီး လန်ဒန်လူနာဟာ ကုသခံယူပြီးနောက် ၁၉ လတိုင် ရောဂါလက္ခဏာမပြတဲ့အတွက် အောင်မြင်စွာကုသနိုင်တယ်လို့ ပြောနိုင်ကြောင်း ကုသရေးမှာ ပါဝင်တဲ့ ဆရာဝန်တွေက  Nature မဂ္ဂဇင်းကို ပြောပါတယ်။

လန်ဒန်လူနာကို ကုသရေးမှာဦးဆောင် ပါဝင်တဲ့ ကိန်းဘရစ်တက္ကသိုလ် ပါမေက္ခ ရာဗင်ဒရာ ဂူတာ က “သိပ်ကိုအရေးကြီးပါတယ်။ ဒါဟာ တကယ်ဖြစ်လာတာ။ အဲဒီဟာကို ပြီးအောင်လုပ်နိုင်ပြီ”လို့ AFP ကိုပြောပါတယ်။

 

mdn

 

လန်ဒန်လူနာကို ၂၀ဝ၃ ခုနစ်က HIV ရောဂါပိုးတွေ့ရှိခဲ့ပြီး ၂၀၁၂ ခုနစ်မှာ ရောဂါကို ထိန်းသိမ်းနိုင်တဲ့ ဆေးဝါးများသောက်သုံးခဲ့ကြပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်မှာ စတမ်းဆဲလ် အစားထိုးကုသနည်းကို စတင်လက်ခံရရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်က ဂျမနီနိုင်ငံ ဘာလင်မြို့မှာ အမေရိကန်နိုင်ငံသား တင်မသီ ဘရောင်းကို လည်း စတမ်းဆဲ အစားထိုးကုသခြင်းအားဖြင့် HIV ရောဂါကို ကုသခဲ့ပေးဖူးပါတယ်။

ကမ္ဘာတစ်ဝန်းမှာ HIV ရောဂါပိုးရှိသူ ၃၇ သန်းနီးပါး ရှိနေပေမယ့် ARV ဆေးကို ရောဂါပိုးရှိသူရဲ့ ၅၉% ရာခိုင်နှုန်းကသာ ရရှိပါတယ်။ နှစ်စဉ် HIV နဲ့ ဆက်စပ်တဲ့ရောဂါကြောင့် နှစ်စဉ် လူတစ်သန်းနီးပါးသေဆုံးနေပါတယ်။ 

MDN
ကိုးကား - AFP

 

mdn