ဟိုပုံးမြို့နယ်တွင် ဘိန်းဖြူမှုန့် ၂၆၄၀ ဂရမ်ဖမ်းဆီးရမိ

ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သတင်းအရ ဒီဇင်ဘာ ၁၅ ရက် ညနေ ၃ နာရီခန့်တွင် ဟိုပုံးမြို့နယ်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ မိုင်တိုင်အမှတ်(၁၄၄/၃)၊ လွယ်ဝိုး တုတ်ကျေးရွာအနီး၌ မိုင်းရှူးမြို့မှ တောင်ကြီးမြို့ဘက်သို့ ယာဉ်မောင်း ဇော်လင်းထိုက် မောင်းနှင်သည့် FF/----- ပရိုဘောက် ရှမ်းတံခွန် ခရီးသည် တင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်ပါ ခရီးသည် မပန်းဝါ  (ဖ)ဦးသန်းအေး၊ ဝမ်လွိုင်ကျေးရွာ၊ မိုင်းရှူးမြို့နေသူ၏ ခရီးဆောင်အိတ်နှစ်အိတ်အတွင်းမှဆပ်ပြာခွက် ၂၂၀ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူမှုန့် ၂,၆၄၀ ဂရမ် တန်ဖိုးငွေကျပ် ၃၉,၆၀၀,၀၀၀ အား ဖမ်းဆီးရမိခဲ့သည်။

 

ထို့ကြောင့် ဟိုပုံးမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၉(က)ဖြင့် မပန်းဝါအား အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

(ရဲပြန်ကြား)