ဟိုပုံးမြို့နယ်အတွင်းရှိ လမ်းများတွင်  ပိုးသတ်ဆေးဖျန်းစက်ကြီးဖြင့် ဆေးဖျန်းခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဟိုပုံး ၂၉  ဧပြီ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိခြင်းကို ယနေ့ နံနက်က တောင်ရပ်ကွက်နှင့် Quarantine ထားရှိသည့်နေရာတို့တွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဟိုပုံးမြို့နယ် ကရုဏာရှင်အသင်းမှ မော်တော်ယာဉ်တစ်စီးဖြင့် မြို့နယ်အဆင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ပူးပေါင်းအဖွဲ့တို့က ပိုးသတ်ဆေးဖျန်း စက်တစ်လုံးဖြင့် တောင်ရပ်ကွက်အတွင်းရှိလမ်းများ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းနှင့်ပြည်ထောင်စု လမ်းမကြီး၊ Quarantine ထားရှိသည့်နေရာတို့တွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

နေမင်းထွန်း(ဟိုပုံး)