ဟိုပုံး၊ လွိုင်လင်၊ ငဖဲနှင့် မင်းတုန်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၁၉ ဧက ဖျက်ဆီး

နေပြည်တော်  ၂၀   ဇန်နဝါရီ 

ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဟိုပုံးမြို့နယ်၊ ပန်ခတ်ကျေးရွာ၏ အနောက်ဘက် ၄ မိုင်ခန့်အကွာ၌ အမြင့် ၄ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၁၂ ဧကခန့်အား ဖျက်ဆီးခဲ့သည်။ 

အလားတူ လွိုင်လင်မြို့နယ်၊ အိမ်ချစ်ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ဝ ဒသမ ၅ ဧက ခန့်၊ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ တင်ပြင်းကျေးရွာ၏ အရှေ့မြောက်ဘက် ၈ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၄ ဧကခန့်နှင့် မင်းတုန်းမြို့နယ်၊ မြင်းကွေ့ကျေးရွာ၏ မြောက်ဘက် ၁၂ မိုင်ခန့်အကွာ၌ အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၂ ဒသမ ၅ ဧကခန့်တို့အား သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များက အသီးသီးဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

(သတင်းစဉ်)