ဟိုပုံး၊ ဆီဆိုင်နှင့် ငဖဲမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၃၂ ဧကခန့် ဖျက်ဆီး

နေပြည်တော် ၁၉   ဇန်နဝါရီ 

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဟိုပုံးမြို့နယ်၊ ပန်ကုလားကျေးရွာ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ၌ အမြင့် ၄ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇ ဧကခန့်အား ဖျက်ဆီးခဲ့သည်။

အလားတူ ဆီဆိုင်မြို့နယ်၊ ပချားကလို့ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း  ဧက ၂၀ ခန့်၊ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ တင်ပြင်းကျေးရွာအရှေ့မြောက်ဘက် ၆ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄ ဒသမ ၅ ဧကခန့်နှင့် ရေဖြူကျေးရွာ၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ဝ ဒသမ ၅ ဧကခန့်တို့အား သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များမှ အသီးသီးဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

(သတင်းစဉ်)