ဟိုပန်မြို့တွင် နိုင်ငံတော်မှထောက်ပံ့သော အခြေခံစားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးအပ်

ဟိုပန်  ၁၀  ဧပြီ

 

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့သော အခြေခံစားသောက်ကုန် (၅)မျိုး ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီတို့ကို ယနေ့ မွန်းတည့် ၁၂ နာရီက “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ရှိ မန်ကောင်းရပ်ကွက်၊ မန်ခွန်ရပ်ကွက်နှင့် မိန်းပန်းရှမ်းရပ်ကွက်တို့တွင် စတင်ပေးအပ်ခဲ့သည်။

 

အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲ (၁)ပိဿာနှင့် ကြက်သွန်နီ(၁) ပိဿာတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူကျော်တို့ ဦးဆောင်၍ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများက တစ်ဦးချင်း လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။


 
ဟိုပန်ခရိုင်၊ ဟိုပန်တစ်မြို့နယ်လုံးတွင် ရပ်ကွက်(၁၀)ခု၊ ကျေးရွာအုပ်စု (၁၇)စုနှင့် ပန်လုံမြို့ရှိ ရပ်ကွက်(၈)ခုတို့မှ အိမ်ထောင်စု (၁၄၈၄)စုတို့အား ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုင်းဇော်ခမ်း(ပြန်/ဆက်)