ဟိုပင်၌ တတိယအကြိမ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Youth Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ Community Centre ခန်းမ၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက ဟိုပင်မြို့  စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Youth Club) တို့ပူးပေါင်း၍  စာရေးဆရာ ကျော်၀င်း  ရေးသားသည့်  နှစ်ဆယ့်တစ်ရာစု သားရွှေဉစာအုပ်ဖြင့် တတိယအကြိမ် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

 

၎င်းစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေက  စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ စာပေချစ်သူများ အသင်းဝင် စာရေးဆရာမ စောစောငယ် (မိုးညှင်း)က ပန်းတိုင်သို့အလှမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဂုဏ်ရည် ဘော်ဒါဆောင်မှဆရာ ဦးကျော်စွာဦးက ဆယ်ကျော်သက်များအား အကျိုးသက်ရောက်စေသော အချက် ၇ ချက် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေချစ်သူများအသင်းဝင် ဦးအေးမင်းဦးက အကျင့်နှင့်တာ၀န်ယူစိတ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ဦးမိုးဟိန်းက ငါဘယ်သူလည်း  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်သူများ အသင်းဝင် ဒေါ်နှောင်းနှောင်းထွန်းက ကြောက်စိတ်ကိုအနိုင်ယူ လဲရင်ပြန်ထ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးကြသည်

၎င်းအခမ်းအနားတွင် စာရေးဆရာမ စောငယ်ငယ် (မိုးညှင်း)၊ ပညာရေးဌာနမှ ကျောင်းအုပ် ဆရာမကြီးများ စာပေချစ်မြတ်နိုးသူ ပြည်သူများ၊ (Youth Club) အသင်း၀င်များ ကျောင်းသား/ကျောင်းသူ  စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

တိုးတိုးမေ- ဟိုပင်