ဟိုပင်၌ နယ်လှည့် တီဘီရောဂါ အခမဲ့ရှာဖွေကုသပေး

ဟိုပင် ၂၀  မေ  

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ နန့်ရင်းကျေးရွာ အ.လ.ကခွဲ ၁ တွင် ကချင်ပြည်နယ် နယ်လှည့် တီဘီရောဂါ အခမဲ့ ရှာဖွေကုသရေးအဖွဲ့ နှင့် မိုးညှင်းခရိုင် ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ မေ ၂၀ ရက် နံနက် ၉နာရီ မှစ၍ တီဘီရောဂါ အခမဲ့ ရှာဖွေကုသပေးခဲ့ကြောင်း သိရသည်။


       
“ပြည်သူတွေ တီဘီရောဂါပပျောက်ရေးအတွက် ကွင်းဆင်းကုပေးခြင်း ဖြစ်တယ်”ဟု ကချင်ပြည်နယ် အခမဲ့တီဘီရောဂါရှာဖွေကုသရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာမျိုးမြင့်အောင်က ပြောကြားခဲ့သည်။


    
ထို့နောက် ကျန်းမာရေးနှစ်သိမ့်ပညာပေးဆရာ ဦးခွန်ဆိုင်းက တီဘီရောဂါကုသမှုနှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်များ၊ တီဘီရောဂါအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့၍ ၄င်းအဖွဲ့က မြို့နယ် အတွင်းရှိ ပြည်သူ ၁၀ဝ ဦး ကျော်ကို တီဘီရောဂါရှိမရှိ ဓါတ်မှန်ရိုက်စစ်ဆေးပေးခြင်း၊ ဆေးပေးခြင်း၊ ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ “တီဘီရောဂါ ကင်းဝေးဖို့ ကဏ္ဍပေါင်းစုံ လက်တွဲလို့ ယနေ့မှစ ဆောင်ရွက်စို့” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။


    
တိုးတိုးမေ- ဟိုပင်

 

နတ္