ဟိုပင်မြို့၌ တိုင်းလိုင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်း

ဟိုပင်  ၂၈  မေ

 

တိုင်းလိုင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့ နန့်ရင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(၁)၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ တိုင်းလိုင်(ရှမ်းနီ)စာပေနှင့် ယဉ်ကျေးမှု (ဗဟို)ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ပြုံးရီက လူမျိုးတစ်မျိုးစီတိုင်းအတွက် စာပေသည် မရှိမဖြစ်လိုအပ်ပြီး မိမိဘာသာစကား၊ စာပေ၊ ရိုးရာ ယဉ်ကျေးမှု အနုပညာများကို လူငယ်များသိရှိစေရန်နှင့် မပျောက်ပျက်အောင် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်တတ်စေရန် ဖွင့်လှစ်ခဲ့ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

သင်တန်းတွင် ဆရာမ(၃)ဦး၊ သင်တန်းသား/သူ (၃၄)ဦးတို့အား ဧပြီ ၁၀ ရက်မှ မေ ၂၈ ရက်ထိ ဆရာအဖြစ် မွမ်းမံသင်တန်းအဖြစ် သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကို နိုင်ငံတော်၏ ပံ့ပိုးကူညီမှုဖြင့် တိုင်းလိုင်စာပေနှင့် ယဉ်ကျေးမှု(ဗဟို)ကော်မတီမှ ဦးဆောင်၍ ဖွင့်လှစ်ပို့ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

(ဟိုပင် ပြန်/ဆက်)