ဟိုမိန်း၊ ၂၈ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ဟိုမိန်းမြို့၌ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာ လေးရွာတွင် ရေရရှိရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိသည်။

 

စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁၉ ဒသမ ၃၈၇ သန်းဖြင့် ဟိုမိန်းမြို့အတွင်း မယ်အောကျေးရွာအုပ်စု မယ်အောကျေးရွာ၌ အရှည်(၁/၄)မိုင် စိမ့်စမ်းရေ ရေပိုက် သွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန် တည်ဆောက်ခြင်းနှင့် ကျေးရွာအတွင်း အများသုံး ရေတိုင် တစ်တိုင်၊ နားမွန်းလုံကျေးရွာတွင် အရှည်(၂/၀)မိုင် ရေပိုက်သွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန် တည်ဆောက်ခြင်းနှင့် အများသုံးရေတိုင် နှစ်တိုင်၊ ခုံလုံကျေးရွာအုပ်စု ခုံလုံကျေးရွာ၌ အရှည်(၁/၇)မိုင် ရေပိုက် သွယ်တန်းခြင်း၊ ရေဂါလန် ၅၀၀၀ ဆံ့ ရေစုကန် တည်ဆောက်ခြင်းနှင့် အများသုံး ရေတိုင်တစ်တိုင်၊ နောင်လိုင်ကျေးရွာတွင် အရှည်(၁/၀)မိုင် ရေပိုက်သွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန် တည်ဆောက်ခြင်း လုပ်ငန်းနှင့် အများသုံးရေတိုင် တစ်တိုင် စသည့်လုပ်ငန်းများကို စိုက်ဖေ့ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ကုမ္ပဏီတာဝန်ခံ ဦးကျော်မျိုးလှိုင်က ပြောပြသည်။

 

အဆိုပါ ကျေးရွာရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပြီးပါက မယ်အောကျေးရွာ၊ နားမွန်းလုံကျေးရွာ၊ ခုံလုံကျေးရွာနှင့် နောင်လိုင်ကျေးရွာရှိ ‌‌ပြည်သူများ နှစ်စဉ် နွေရာသီတွင် ကြုံတွေ့နေရသည့် ရေအခက်အခဲကို အဆင်ပြေစွာ အသုံးပြုနိုင်တော့မည်ဖြစ်သည်။

 

ရဲနောင်(ဟိုမိန်း)