ဟောင်ကောင်နှစ်သစ်ကူး ပန်းရောင်းပွဲတွင် ဈေးဝယ်သူ အနည်းငယ်သာရှိ

၂၁ ဇန်နဝါရီ

 

အစိုးရကိုဆန့်ကျင်သောဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဟောင်ကောင်တွင် နှစ်သစ်ကူး ပန်းရောင်းပွဲကို လာရောက်ဈေးဝယ်သူ အရေအတွက်မှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။

 

အစဉ်အလာအားဖြင့် ဟောင်ကောင်ပြည်သူများသည် လာမည့် တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ပန်းများနှင့် ကံကောင်းခြင်း အလှဆင်မှုများကို ထိုပန်းရောင်းပွဲတွင် ဝယ်ယူလေ့ရှိကြသည်။ လိမ္မော်ရောင် သစ်ပင်များ၊ နိုင်ငံရေးပါတီများနှင့် အုပ်စုများ၏ ကုန်ပစ္စည်းများသည် လူကြိုက်များသော အရာများ ဖြစ်ကြသည်။

 

 

6

 

ယခုနှစ်တွင် ဟောင်ကောင်အစိုးရသည် စနေနေ့တွင် စတင်တော့မည့် တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်မီ ထိုပန်းရောင်းပွဲတွင် နိုင်ငံရေး ကုန်ပစ္စည်းများ ရောင်းချခြင်းကို တားမြစ်ထားသည်။

 

အကြီးဆုံး ဈေးများ အနက် တစ်ခုဖြစ်သော ဟောင်ကောင်ကျွန်း  ဗစ်တိုးရီးယား ပန်းခြံရှိ ထိုပန်းဈေးတွင်  ဈေးဝယ်သူများ ခါတိုင်းထက် ပိုမိုနည်းပါးခဲ့သည်။

5

 

ဝယ်သူဦးရေမှာ ပြီးခဲ့သည့်နှစ်ကထက် ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး သူမအနေဖြင့် ငြိမ်းချမ်းပြီး ပူပန်မှုကင်းသော နှစ်သစ်ကို မျှော်လင့်ကြောင်း ရောင်းချသူတစ်ဦးက ပြောကြားခဲ့သည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို