ဟောင်ကောင်လေကြောင်းလိုင်းရဲ့ ဝန်ထမ်း ၂၇၀၀၀ ကိုလစာမဲ့ခွင့်ယူပေးရန် အမှုဆောင်အရာရှိချုပ် မေတ္တာရပ်ခံ

၅ ဖေဖော်ဝါရီ

ဟောင်ကောင်အလံသယ်ဆောင်ထားတဲ့ ကတ်သီပစိဖိတ်လေကြောင်းလိုင်းက သူ့ရဲ့ ဝန်ထမ်း ၂၇,၀၀၀ ကို သီတင်းသုံးပတ်အထိ လစာမဲ့ခွင့်ယူပေးရန် အမှုဆောင်အရာရှိချုပ် သြဂုတ်စတပ်တန်းက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ လေကြောင်းလိုင်းဟာ အရင်ချိန်က ဟောင်ကောင်ရဲ့ နိုင်ငံရေးမငြိမ်မသက်မှုနဲ့ ရင်ဆိုင်းရပြီး အခုချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။

မစ္စတာတန်းက ဝန်ထမ်းတွေအနေနဲ့ အခုမေတ္တာရပ်ခံချက်မှာ ပါဝင်မယ်လို့ မျှော်လင့်ကြောင်း၊ လေကြောင်းလိုင်းရဲ့ လက်ရှိအခက်အခဲကို မျှဝေခြင်းဖြစ်တယ်လို့ ပြောဆိုထားတဲ့ ဗီဒီယိုကို အွန်လိုင်းမှာ တင်လိုက်တာဖြစ်ပါယ်။ 

 

802

 

အွန်လိုင်းမှာ တင်လိုက်တဲ့ ဗီဒီယိုထဲမှာ ကတ်သီပစိဖိတ်လေကြောင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဒီနှစ်တရုတ်နှစ်သစ်ကူးလောက် အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့နှစ် မရှိဖူးသေးကြောင်း၊ ဘယ်လောက်ကြာမလဲ မသိသေးကြောင်း၊ မသေချာတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် ကုမ္ပဏီရဲ့ ငွေကြေးကိုထိန်းသိမ်းထားခြင်းဟာ ကုမ္ပဏီရဲ့ စီးပွားရေး ကာကွယ်နိုင်ခြင်းဖြစ်တယ်။ အခုအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်  ဝန်ထမ်းတွေက လစာမဲ့ခွင့်ယူဖို့လိုကြောင်း ပြောကြားထားပါတယ်။ 

မစ္စတာတန်းက လေကြောင်းလိုင်းကို ပစ္စည်းရောင်းချတဲ့ ကုမ္ပဏီတွေကိုလည်း ဈေးလျော့ချပေးဖို့ပြောထားတာကို တွေ့ရပါတယ်။ 

ကတ်သီပစိဖိတ်လေကြောင်းလိုင်းမှ တရုတ်နိုင်ငံအတွင်းကို ပျံသန်းနေတဲ့ ခရီးစဉ် ၉၀ ရာခိုင်နှုန်းလောက် လျော့ချထားကြောင်း သိရပါတယ်။ 

MDN
ကိုးကား -AFP