ဟောင်ကောင်ဒစ္စနေလန်းကို ကြာသပတေးနေ့မှာ ပြန်ဖွင့်လှစ်မယ်

၁၅ ဇွန်

 

ဟောင်ကောင်ရှိ ဒစ္စနေလန်းကို ငါးလနီးပါး ပိတ်ထားရာမှ ကြာသပတေးနေ့မှာ ပြန်လည်ဖွင့်လှစ်မယ်လို့ ဒီနေ့ (တနင်္ဂလာနေ့)မှာ ကြေညာလိုက်ပါတယ်။

 

လာရောက်လည်ပတ်မယ့်သူတွေဟာ ကျန်းမာရေးကောင်းမွန်ကြောင်း အထောက်အထား၊ ကိုယ်အပူချိန် တိုင်းတာခြင်းနဲ့ အစားအစာ စားချိန်ကလွဲပြီး  မျက်နှာဖုံးကိုတစ်ချိန်လုံး ဝတ်ဆင်ရန် တနင်္လာနေ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ ဒစ္စနေလန်း အပန်းဖြေကစားကွင်းတွေ ပိတ်ပင်ထားခဲ့ရာ အခုချိန်အထိ ရှန်ဟိုင်းဒစ္စနေလန်းတစ်ခုသာ ပြီးခဲ့တဲ့လက ပြန်ဖွင့်ထားပါတယ်။

 

ဟောင်ကောင်ဒစ္စနေလန်းကို ကြာသပတေးနေ့ (ဇွန် ၁၈ ရက်) မှာ ပြန်ဖွင့်မှာဖြစ်ပြီး ကယ်လီဖိုးနီးယား ဒစ္စနေလန်း ကို ဇူလိုင်မှာ ပြန်ဖွင့်မယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် ဂျပန် နဲ့ ပဲရစ် ဒစ္စနေလန်း အပန်းဖြေစခန်းတွေကတော့ ဆက်လက်ပိတ်ထားဆဲဖြစ်ပါတယ်။

 

ဟောင်ကောင်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ဦးရေ ၁,၁၀၀ ရှိပြီး သေဆုံးသူ ၄ ဦးသာရှိကြောင်း သိရပါတယ်။

 

ဒစ္စနေလန်းကိုလာလည်မယ့် နိုင်ငံခြားသားတွေကတော့ လေဆိပ်မှာ စစ်ဆေးသွားမှာဖြစ်ပါတယ်။ တကယ်လို့ ဗိုင်းရပ်စ်ပိုးတွေ့ခဲ့မယ်ဆိုရင် ၁၄ ရက်တိတိ သီးသန့်ခွဲခြားပြီး နေရမှာဖြစ်ပါတယ်။

 

ဒစ္စနေလန်းအတွင်းက ဒစ္စနေဇာတ်ကောင်တွေပုံစံ ဝတ်ဆင်တားသူတွေကို လာရောက်လည်ပတ်သူတွေနဲ့ လက်ဆွဲနှုတ်ဆက်ခြင်းနဲ့  လက်ရိုက်ပြီး နှုတ်ဆက်ခြင်းတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

 

လက်ရှိအချိန်ထိ ဟောင်ကောင်မှာ လူ (၈)ဦးထက်ကျော်ပြီး စုဝေးခွင့်မရှိဘူးဖြစ်ပေမယ့် ကြာသပတေးနေ့မှာတော့ အဲဒီကန့်သတ်မှုကို ပြင်ဆင်မယ်လို့ သိရပါတယ်။

 

MDN

ကိုးကား - AFP