ဟောင်ကောင်ဆန္ဒပြ ခေါင်းဆောင်တွေအဖမ်းခံရ

၃၀ သြဂုတ် 

ဟောင်ကောင်က နာမည်ကြီး ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်တွေကို ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ လာမယ့် စနေနေ့မှာ လူအများပါတဲ့ ဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ဖို့ပြင်ဆင်ထားပါတယ်။ 

 

အသက် ၂၂ အရွယ် ဂျော့ရှဝါ ဝေါင်း နဲ့ အဂ်နက်ချား တို့ကို “ခွင့်ပြုမိန့်မရှိတဲ့ လူစုလူဝေးမှာ တခြားသူများပါလာအောင် လှုံဆော်မှု” နဲ့ ဖမ်းဆီးခဲ့တာလို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောပါတယ်။ ကြာသပတေးနေ့ ညပိုင်းကလည်း အန်ဒီ ချမ်း ကို ဟောင်ကောင်လေဆိပ်မှာ ဖမ်းဆီးခဲ့ပါသေးတယ်။ 

 

ဇွန်လကတည်းက စတင်ခဲ့တဲ့ ဟောင်ကောင်ဆန္ဒပြပွဲအတွင်းမှာ ဖမ်းဆီးခံရသူပေါင်း ၈၅၀ ကျော် ရှိခဲ့ပြီဖြစ်ပါတယ်။ 

 

MDN
ကိုးကား - AFP