HAPPY LIFE WATER PARK AND GARDEN အပန်းဖြေဥယာဉ် သင်္ကြန်မတိုင်ခင် ဖွင့်လှစ်မည်

စစ်ကိုင်း ၁၈ မတ် 

 

 

စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားအနီး စစ်ကိုင်း - မုံရွာသွား ကားလမ်းမဘေးတွင် တည်ဆောက်ထားသည့် Happy Life Water Park And gardenအမည်ရှိ အပန်းဖြေဥယာဉ်နှင့် ခေတ်မီကစားကွင်းကို သင်္ကြန်မတိုင်မီ ဖွင်လှစ်နိုင်ရန် လုပ်ဆောင်လျှက်ရှှိကြောင်းသိရသည်။

 

 

အပန်းဖြေဥယာဉ်နှင့်ခေတ်မီ ကစားကွင်းကို စစ်ကိုင်းမြို့ စီတီးကျေးရွာ ရပ်ကွက် အတွင်းရှိ စစ်ကိုင်း-မုံရွာ သွားလမ်းမဘေး မြေဧက ၁၅ ဒသမ ၁၃ ဧကပေါ်တွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလပိုင်းမှ စတင်၍ မြေယာပြုပြင်ခြင်း အဆောက်အအုံများ ဆောက်လုပ်     ခြင်းလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိရာ ၉၀ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်၍ မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

 

ကစားကွင်းတွင် Water Boom နှင့် ကလေးငယ်များ ဆော့ကစားနိုင်ရန် ကစားကွင်း အစုံအလင်ပါဝင်၍ အပန်းဖြေအနားယူနိုင်ဖို့ အဆောက်အအုံငယ်လေးများ အလှ အပ ဓါတ်ပုံရိုက်ကူးရန် အလှစိုက်သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားပြီး ဝင်ကြေးကို တစ်ဦးလျှင် ၁၅၀ဝ ကျပ်ထိ ဈေးသတ်မှတ်ထားသည်ဟု သိရသည်။

 

ခိုင်ဇေယျ