ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် အမျိုးသားတစ်ဦး သေဆုံး

ဟားခါး ဇူလိုင် ၁၈

 

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသော အသက် (၈၂) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါသေဆုံးသူသည် ဇူလိုင် ၁၂ ရက်က ကာဆင်ခန်းမ၌ RDT Test Kid ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသည့် လူနာ ၁၆ ဦးထဲမှ တစ်ဦးဖြစ်ပြီး ရောဂါပိုး စစ်ဆေး တွေ့ရှိသည့်နေ့မှ ခြောက်ရက်မြောက်နေ့တွင် သေဆုံးခြင်းဖြစ်ကြောင်း၊ သေဆုံးသွား သူမှာ ဟားခါးမြို့ ဈေးသစ်ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

 

ဇူလိုင် ၁၇ ရက်က ဟားခါးမြို့ ပြည်သူ့ဆေးရုံတွင် ပြည်သူ ၃၅ ဦးအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးရာ ၂၀ တွင်ရောဂါပိုး တွေ့ရှိရသဖြင့် ဇွန် ၁၀ ရက်မှ ဇူလိုင် ၁၈ ရက်အထိ ဟားခါးမြို့နယ်တွင် ပိုးတွေ့လူနာ ၂၃၇ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၆၀၊ ဆေးကုသမှုခံယူဆဲ ၇၂ ဦးနှင့် သေဆုံးသူ ငါးဦးရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)