ဂျူဒို ခတပြိုင်ပွဲမှ မြန်မာအသင်း ကြေးတံဆိပ်တစ်ခုရရှိ

၄  ဒီဇင်ဘာ

ဆီးဂိမ်း ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှစ၍ ကလာ့ခ်မြို့၌ စတင်ကျင်းပရာ မြန်မာဂျူဒိုအဖွဲ့က ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲပထမနေ့တွင် ခတ အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲများ ကျင်းပခဲ့ပြီး မြန်မာအသင်းသည် အမျိုးသားပြိုင်ပွဲ၌သာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းမှ ချစ်မင်းမင်းကိုနှင့် မိုင်းစံအတွဲမှာ ၃၉၉ ဒသမ ၅ မှတ်ဖြင့် ကြေးတံဆိပ်ရခဲ့ပြီး ထိုင်းအတွဲက ၄၁၀ မှတ်ဖြင့် ရွှေတံဆိပ်၊ လာအိုအတွဲက ၄၀၀ မှတ်ဖြင့် ငွေတံဆိပ်ရရှိခဲ့သည်။ မြန်မာဂျူဒိုအဖွဲ့သည် ဝိတ်တန်းအလိုက် တစ်ဦးချင်းပြိုင်ပွဲနှင့်အသင်းလိုက်ပြိုင်ပွဲတို့တွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ