ဂရမ်မီဆုတွေကို အောင်ပွဲခံသိမ်းပိုက်ခဲ့တဲ့ ဘရူနိုမားစ်

နယူးယောက်    ၃၁ ဇန်နဝါရီ

 

တနင်္ဂနွေနေ့က ဂရမ်မီဆုပေးပွဲမှာ R&B အဆိုတော် ဘရူနိုမားစ် တစ်ယောက် ဂရမ်ဆုရဲ့ အမြင့်ဆုံးဆုတွေတပွေ့တပိုက်ကြီး ရရှိသွားခဲ့ပါတယ်။ ရက်ပ် ဂီတအမျိုးအစားကို ကျော်လွန်ပြီး ပေါ့ပ်ဂီတရဲ့ မှတ်တိုင်ဖြစ်သလို အမေရိကန်မှာ လတ်တလော အကျော်ကြားဆုံး သီချင်းအမျိုးအစားဖြစ်နေတဲ့ နောက်ထပ်အောင်မြင်မှု မှတ်တိုင် စိုက်ထူလိုက်နိုင်ခြင်းပဲဖြစ်ပါတယ်။

 

မားစ်ဟာ 24K Magic သီချင်းခွေနဲ့ တစ်နှစ်တာ အကောင်းဆုံး တေးအယ်လ်ဘမ်ဆု၊ That’s What I Like သီချင်းနဲ့ တစ်နှစ်တာ  အကောင်းဆုံးသီချင်းဆုအပါအဝင် ဂရမ်မီဆုပေါင်း ခြောက်ခုကို ဆွတ်ခူးသွားခဲ့တာပဲဖြစ်ပါတယ်။ သူဟာ အမေရိကန် ရက်ပ်ပါ ကန်ဒရစ် လာမားနဲ့ ဂျေးဇက်ကို ကျော်လွန်ပြီး ၁၄ နှစ်အတွင်း တစ်နှစ်တာအတွက် အကောင်းဆုံးတေးအယ်လ်ဘမ်ဆုကို ရရှိခဲ့တဲ့ ပထမဆုံး အဆိုတော် ဖြစ်လာခဲ့တာပါ။

 

ဒီတေးအယ်လ်ဘမ်ထဲမှာပါတဲ့ သီချင်းတွေဟာ အချစ်နဲ့ ပျော်ရွှင်မှု အကြောင်းအရာတွေကိုဘဲ သီကုံးရေးဖွဲ့ထားတာပါ။ အဲဒါကလည်း လူတွေအားလုံး ပျော်ပျော်ရွှင်ရွှင် ကခုန်နေတာကိုဘဲ မြင်ချင်လို့ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ မားစ်က ပြောခဲ့ပါတယ်။ သူနဲ့ အတူ စကာတင်စရင်း ဝင်ခဲ့ အနုပညာရှင်တွေဖြစ်တဲ့ ဂျေးဇက်၊လာမာ၊ ချိုင်းဒစ် ဂမ်ဘီနိုနဲ့ လော်ဒီတို့ကိုလည်း မင်းတို့ရဲ့ သီချင်းတွေက ကမ္ဘာမြေကို ကောင်းချီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့လည်း အထူးတလည်ကျေးဇူးတင်စကား မားစ်က ပြောကြားခဲ့ပါသေးတယ်။

 

mdn

 

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ လာမာဟာလည်း သူ့ခေတ်မှာ ပရိသတ်ရင်ထဲ ထိုးဖောက်နိုင်စွမ်းအရှိဆုံး ရက်ပ်ပါတစ်ဦးအဖြစ် သတ်မှတ်ထားခံရသူဖြစ်ပြီး သူ့ရဲ့ DAMN အယ်လ်ဘမ်နဲ့ Humble သီချင်းအတွက် ဆု ငါးကြိမ်ရရှိခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ရက်ပ်ဂီတအမျိုးအစားဟာ ၂၀၁၇ ခုနှစ်အတွက် အမေရိကန်မှာ လူကြိုက်အများဆုံး ဂီတလည်းဖြစ်နေပါတယ်လို့ နယ်လ်ဆင် က ထုတ်ပြန်ထားပါတယ်။

 

၂၀၁၈ ဂရမ်မီဆုနဲ့ လွဲခဲ့တဲ့ ဂျေးဇက်ရဲ့ 4:44 အယ်လ်ဘမ်ဟာ ဆန်ကာတင်ရွေးချယ်မှု ရှစ်ခုထဲမှာ ပါဝင်ခဲ့ပေမယ့်လည်း တကယ့်ဆုပေးပွဲမှာတော့ ရွေးချယ်ခံရခြင်းမရှိခဲ့သလို အဲဒီပွဲမှာလည်း ဖျော်ဖြေခွင့်မရခဲ့ပါဘူး။ ပေါ့ဂီတာ လူတွေကြားရေပန်းစား နေတဲ့အချိန်မှာ ဂရမ်မီဆုနဲ့ လွဲချော်သွားခဲ့တဲ့ လာမာနဲ့ ဂျေးဇက်တို့ ကတော့ နောက်တစ်နှစ်ရဲ့ ထိပ်တန်းစရင်းဝင် ဖြစ်ခဲ့ပါတယ်။၂၀၁၇ ခုနှစ်အတွက် အဒဲလ် က ဘီယွန်းဆေးကို အနိုင်ရရှိသွားပြီး ၂၀၁၆ ခုနှစ်က လာမာ ဟာ တေလာဆွစ်ကို ရှုံးနိမ့်သွားခဲ့ပါတယ်။

 

တနင်္ဂနွေနေ့က နယူးယောက် မက်ဒီဆင် ပန်းခြံမှာပြုလုပ်တဲ့ ရှိုးပွဲမှာ ဂရမ်မီဆုနဲ့ လွဲခဲ့တဲ့ လာမာ ဟာ စစ်ဝတ်စုံဝတ် အကသမားတွေခြံရံကာ စတင်ဖျော်ဖြေခဲ့ပြီး နောက်မှာ အနီရောင်ခေါင်းစွတ်ဝတ်စုံပြောင်းလဲ ဝတ်ဆင်ခဲ့ပြီး ဖျော်ဖြေခဲ့ပါတယ်။ သဘောက သူဟာ သေနတ်နဲ့ အပစ်ခံရလို့ သွေးစွန်းသွားတဲ့ပုံစံမျိုး ထင်မြင်အောင် သရော်ပြီး ဖျော်ဖြေသွားတာကို တွေ့ရပါတယ်။

 

(MDN)
ကိုးကား -ရိုက်တာ