ဂရိနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် စည်းမျဉ်းတွေအား ဇန်နဝါရီ ၇ ရက်နေ့အထိ တိုးမြှင့်

၈ ဒီဇင်ဘာ

 

 

ဂရိနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် စည်းမျဉ်းတွေအား ဇန်နဝါရီ ၇ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ အားကစားပွဲတွေနဲ့ ကလပ်တွေပါ ပိတ်ထားရမှာဖြစ်ပါတယ်။ နေရာဒေသ တစ်ခုကနေ တစ်ခုကို သွားရောက်ခြင်းကို တားမြစ်ထားပါတယ်။

 

 

ဂရိနိုင်ငံကို ရောက်ရှိလာသူတွေမှာ PCR နည်းနဲ့ စစ်ဆေးထားတဲ့ ဗိုင်းရပ်စ်ပိုး မရှိကြောင်း ထောက်ခံချက်နဲ့ ၁၀ ရက် သီးသန့် quarantine နေထိုင်ရမှာလို့ သိရပါတယ်။

 

 

ဝန်ကြီးချုပ်က ခရစ်စမတ် အလှဆင်ပစ္စည်း အရောင်းဆိုင်တွေဟာ အခုညွှန်ကြားထားတဲ့ တားမြစ်ချက်ထဲမှ မပါရှိကြောင်း၊ ခရစ္စမတ် ပါတီပွဲတွေမှာ လူ ၉ ဦးအထိ စုဝေးခွင့်ပြုသွားမယ်လို့ တနင်္လာနေ့က ပြောကြားပါတယ်။

 

 

ကူးစက်ခံရသူနှုန်းမှာ ကျဆင်းကြောင်း၊ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်လာတဲ့ ဝန်ထုပ်ဝန်ပိုးကို ဖြည်းဖြည်းချင်း လျှော့ချသွားမှာဖြစ်ကြောင်းနဲ့  ပုံမှန်အခြေအနေကို တဖြည်းဖြည်းနဲ့ အန္တရာယ်ကင်းစွာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အစိုးရရဲ့ပြောခွင့်ရသူက ပြောပါတယ်။

 

 

ဂရိနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၃,၀၀၀ ကျော်သွားပြီး ပိုးကူးစက်ခံရသူ ၁၁၆,၇၂၁ ဦး ရှိပါတယ်။ အထူးကုသဆောင်မှာ လက်ရှိ လူ ၆၀၀ နီးပါးကို ကုသပေးနေကြောင်း သိရပါတယ်။

 

 

ဉရောပ ဆေးဝါး စည်းမျဉ်းစည်းကမ်း အဖွဲ့က ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ခွင့်ပြုလိုက်တာနဲ့ ၄၈ နာရီ အတွင်းမှာ ကာကွယ်ဆေးရအောင် လုပ်ဆောင်ပေးမှာလို့ ကတိပြုလိုက်ပြီး ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်မှာ မိမိဆန္ဒအရ ထိုးနှံခွင့်ရှိမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

 

 

MDN

ကိုးကား - AFP

a1