ဂရိနိုင်ငံက နိုင်ငံပေါင်း ၂၉ နိုင်ငံမှ လေယာဉ်တွေ စတင်လက်ခံတော့မယ်

အေသင်  ၁  ဇွန်

 

ဂရိနိုင်ငံက ခရီးသွားရာသီအစ အနေနဲ့ အေသင်နဲ့ တက်ဆာလိုနီကီ ရှိ လေဆိပ်တွေက ဉရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ လာရောက်လည်ပတ်မယ့်သူတွေကို ဇွန် ၁၅ ရက်နေ့ကစပြီး လက်ခံသွားမယ်လို့ သိရပါတယ်။

 

ဂရိနိုင်ငံကို ဂျာမနီ၊ ဩစတြီးယား၊ ဒိန်းမတ်၊ ဖင်လန်၊ ချက် စတဲ့ နိုင်ငံတွေ အပါအဝင် ဉရောပသမဂ္ဂ အဖွဲ့ဝင် ၁၆ နိုင်ငံ၊ ဉရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေမဟုတ်တဲ့ ဆွစ်ဇာလန်၊ နော်ဝေ၊ ဘောတစ်နိုင်ငံတွေဖြစ်တဲ့ အယ်ဘေးနီးယား၊ ဆာဗီးယားနဲ့ မြောက်မက်ဆီဒိုးနီးယား နိုင်ငံနဲ့ ဩစတြေးလျ၊ ဂျပန်၊ အစ္စရေး၊ လက်ဘနွန်၊ တရုတ်၊ နယူးဇီလန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှ လာရောက်လည်ပတ်သူတွေကို ဇွန် ၁၅ ရက်နေ့တွင် လက်ခံသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ဗိုင်းရပ်စ်ပိုးကူးစက်မှုများတဲ့ နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ စပိန်၊ ဗြိတိန် နဲ့ အီတလီနိုင်ငံတွေမှာတော့ လေယာဉ်ထွက်လာမယ့်လေဆိပ်တွေပေါ် အခြေခံပြီး သီးသန့်ခွဲခြားစောင့်ကြည့် နေထိုင်မှုနဲ့ လက်ခံသွားမယ်လို့ သိရပါတယ်။

 

ဇူလိုင် လ ၁ ရက်နေ့ကစပြီး ဂရိနိုင်ငံရဲ့ တခြားဒေသတွေမှာ ရှိတဲ့ လေဆိပ်တွေက စတင်လက်ခံမယ်လို့ သိရပါတယ်။

 

လူဦးရေ ၁၁ သန်း နေထိုင်တဲ့ ဂရိနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၈၀ ခန့် ရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP