ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဂျပန်နိုင်ငံတွင် သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်ဖြစ်လာ

တိုကျို  ၂၆   ဩဂုတ်

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးသည် လက်ရှိရာထူးတွင်တာဝန်ထမ်းဆောင် လျက်ရှိသည်မှာ ဩဂုတ် ၂၄ ရက်က ၂၇၉၉ရက်ရှိခဲ့သောကြောင့် ဂျပန်နိုင်ငံ ၌ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် တစ်ဦးဖြစ်လာခဲ့သည်။

မစ္စတာ အာဘေး မတိုင်မီ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် စံချိန်တင်ခဲ့သူမှာ ငါ့ကို အဲစာကု ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ဝန်ကြီးချုပ် အဖြစ် ပထမတစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့သည့် ရက်များပါ ထည့်တွက်ခဲ့ပါက မစ္စတာအာဘေးသည် ဂျပန်နိုင်ငံတွင် သက်တမ်းအရှည်ဆုံး နိုင်ငံ့ခေါင်းဆောင်အဖြစ် နောက်ထပ် မှတ်တိုင်တစ်ခုကို စိုက်ထူခဲ့ပြီး ၎င်း၏လက်ရှိ စုစုပေါင်း တာဝန်ထမ်းဆောင်ခဲ့သည့် ရက်ပေါင်းမှာ ၃၁၆၅ ရက်ရှိလာမည်ဖြစ်သည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် အောက်လွှတ်တော်ရွေးကောက်ပွဲပြီးနောက် မစ္စတာအာဘေးသည် ဝန်ကြီးချုပ် ရာထူးကို တစ်ကျော့ပြန်ရရှိခဲ့ပြီး အစိုးရအဖွဲ့ကိုဒုတိယတစ်ကြိမ်ဖွဲ့စည်းခဲ့သည်။

အာဘေးသည် ဂျပန်စီးပွားရေး ပြန်လည် အားကောင်းလာစေရေးကို ဦးစားပေးခဲ့ပြီး ငွေကြေး ကျဆင်းမှုကို ရှောင်ရှားနိုင်ရန်အတွက် အာဘေးနိုမစ်ဟု လူသိများသည့် ဝန်ကြီးချုပ် အာဘေး၏ စီးပွားရေးဆိုင်ရာ မူဝါဒများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ဝန်ကြီးချုပ်ရာထူး ရရှိပြီးနောက် စတော့ဈေးကွက်တွင် နစ်ကေးပျမ်းမျှ အညွှန်းကိန်းသည် အမှတ် ၂၀၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာခဲ့သည်။ ထို့အပြင် အလုပ်အကိုင် နေရာရရှိမှုနှင့် အလုပ်လျှောက်ထားမှု အချိုးအစားလည်း မြင့်တက်လာခဲ့သည်။

သို့သော်လည်း ကိုဗစ်-၁၉၏ ရိုက်ခတ်မှုကို ဂျပန်နိုင်ငံ၏ စီးပွားရေးလည်း ခံခဲ့ရပြီး လူတစ်ဦးချင်းစီ၏ စားသုံးမှုကျဆင်းလာသည်နှင့် တစ်ပြိုင်နက် ဧပြီလမှ ဇွန်လသုံးလ ပတ်ကာလအထိ နိုင်ငံ၏ ပြည်တွင်း ထုတ်ကုန်တန်ဖိုး အကြီးမားဆုံး ကျဆင်းလာခဲ့သည်။ မစ္စတာ အာဘေး၏ အဓိကအာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ အကြီးအကဲ တာဝန်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်တွင် ပြီးဆုံးမည်ဖြစ်သည်။

အင်န်အိတ်ချ်ကေ