ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ အိန္ဒိယနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ အလည်အပတ်ခရီးသွားရောက်မည်

မတ်   ၁၈

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် အိန္ဒိယနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ စနေနေ့မှစတင်ကာ သုံးရက်ကြာအလည်အပတ်ခရီးသွားရောက်မည် ဖြစ်သည်။

ကီရှီဒါသည် ထိုခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့နှင့်တွေ့ဆုံမည်ဟု သိရသည်။

ကီရှီဒါသည် မိုဒီနှင့်တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးမြှင့်ရန်ကြိုးပမ်းသွားမည် ဖြစ်သည်။

ယခုနှစ်သည် ဂျပန်နှင့်အိန္ဒိယနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်သည့်  နှစ် ၇၀ ပြည့် အထိမ်း အမှတ်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း၌ ယခုနှစ်တွင် အလှည့်ကျ ဉက္ကဌဖြစ်သည်။ ကီရှီဒါသည် ထိုနိုင်ငံနှင့် ပူးဆောင်ဆောင်ရွက်မှုခိုင်မာမှုရှိစေရန်၊ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန်နှင့် လွတ်လပ်ပွင့်လင်းသော အင်ဒိုပစိဖိတ်ကိုလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို