ဂျပန်တွင် ငလျင်ကြိုတင် သတိပေးစနစ် တပ်ဆင်

တိုကျို  ၂၃ မတ် 

 

ဂျပန်နိုင်ငံ မိုးလေဝသ အေဂျင်စီဟာ ငလျင်ဆိုင်ရာ ကြိုတင်သတိပေးချက်နဲ့ နောက်ဆက်တွဲ ငလျင် သတင်းထုတ်ပြန်ရေးစနစ် စတင်တပ်ဆင် အသုံးပြုနေပြီ ဖြစ်ကြောင် အန်အိတ်ချ်ကေ သတင်းအရသိရပါတယ်။

 

အသေးစား ငလျင်လှုပ်ခတ်မှုကနေ ဖြစ်ပေါ်လာတဲ့ P- waves ခေါ် ငလျင်လှိုင်းငယ်တွေကို ငလျင် တိုင်းတာရေးစက်နဲ့ ခြေရာခံထောက်လှမ်းပြီး အင်အားပြင်း ငလျင်တွေ လှုပ်လာနိုင်မလားဆိုတာကို ကြိုတင်ခန့်မှန်းသွားနိုင်မှာ ဖြစ်ပါတယ်။ အခုချိန်ထိတော့ ငလျင်ကြိုတင် သတိပေးချက်ကို တစ်ကြိမ်သာ လွှင်နိုင်သေးပြီး ၂၀၁၁ ခုနှစ် မတ်လ က ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ အင်အား မဂ္ဂနီကျူ့ ၉ ဒသမ သုည အဆင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်မှုမှာ ငလျင် တိုင်းတာရေးစခန်းကနေ ဝေးကွာတဲ့ ဒေသတွေကို ကြိုတင်သတိပေးချက် မထုတ်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့် ဂျပန်မိုးလေဝသအေဂျင်စီက အခုလို ငလျင်ဆိုင်ရာ ကြိုတင်သတိပေးစနစ် အသစ်ကို တပ်ဆင်ခဲ့တာဖြစ်ပါတယ်။

 

 ယခုသတိပေးစနစ်အသစ်ဟာ ငလျင်တိုင်းတာရေး စခန်းကနေ ကီလိုမီတာ ၃၀ အကွာအထိ ကြိုတင်သတိပေးချက် ထုတ်ပြန်နိုင်မှာဖြစ်ပြီး ပထမ ငလျင်လှိုင်း လှုပ်အပြီး စက္ကန့် ကိုးဆယ်အတွင်း နောက်ဆက်တွဲ ငလျင်သတင်းတွေကိုပါ ထုတ်ပြန်ပေးနိုင်မှာ ဖြစ်ပါတယ်။

 

MDN
ကိုးကား - အန်န်အိတ်ချ်ကေ