ဂျပန်နိုင်ငံတွင် မြေပြိုမှု အကြိမ် ၄၀ ကျော် ဖြစ်ပွား

စက်တင်ဘာ ၂၂ 

ဂျပန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နှစ်အတွင်း မြေပြိုမှု အကြိမ် ၄၀ ကျော် ဖြစ်ပွားခဲ့ကြောင်း အင်န်အိတ်ချ်ကေစစ်တမ်းအရ သိရသည်။

ဇူလိုင်လက ဂျပန်နိုင်ငံအလယ်ပိုင်း ရှီဇူအိုကာစီရင်စုတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုတွင် လူ ၂၆ ဦး သေဆုံးခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

စီရင်စု ၁၆ ခုတွင် မြေပြိုမှု ၄၄ ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

စစ်တမ်းအရ စီရင်စု ၂၅ ခုတွင် မြေစာပုံထိန်းညှိရေးဆိုင်ရာဥပဒေများရှိသည်ကို တွေ့ရသည်။

ဂျပန်နိုင်ငံ၏ ဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့် အရေးယူဆောင်ရွက်မှုအရ  ဒေသအမိန့်ပြန်တမ်းများကို ချိုးဖောက်ပါက ထောင်ဒဏ် နှစ်နှစ်အထက် သို့မဟုတ် ဒဏ်ကြေး ယန်း တစ်သန်းကျော် ပေးဆောင်ရမည် ဖြစ်သည်။

စီရင်စု ၄၃ ခုက မြေစာပုံထိန်းညှိရေးဆိုင်ရာဥပဒေများ လိုအပ်သည်ဟု ဆိုသည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို