အောက်တိုဘာ ၁၉
ဂျပန်နိုင်ငံသို့ စက်တင်ဘာလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှု အရေအတွက်သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီ ၂၀၁၉ ခုနှစ် အလားတူကာလ၏ ၉၆ ဒသမ ၁ ရာခိုင်နှုန်းအထိရှိကြောင်း အစိုးရအဖွဲ့အချက်အလက်ထုတ်ပြန်ချက်တွင် ယမန်နေ့ကဖော်ပြထားသည်။
နိုင်ငံအတွင်းသို့ စက်တင်ဘာလအတွင်း နိုင်ငံခြားသားခရီးသွားဦးရေ ၂၁၈၄၃၀၀ ဝင်ရောက်ခဲ့ရာ လွန်ခဲ့သောနှစ် အလားတူကာလကထက် ၁၀ ဒသမ ၆ ဆ ပိုမိုများပြားခဲ့သည်ဟု ဂျပန်ခရီးသွားလုပ်ငန်းအဖွဲ့က ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များပိုမိုများပြားလာခြင်းနှင့် ယန်းငွေတန်ဖိုး လျော့ကျခြင်းတို့ကြောင့် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု နှစ်သန်းကျော်ရှိကြောင်း၊ ခရီးသွားဝင်ရောက်မှု နှစ်သန်းကျော်ရှိခြင်းသည် လေးလဆက်တိုက်ရှိပြီဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ပထမကိုးလအတွင်း ဂျပန်နိုင်ငံသို့ ခရီးသွား ၁၇ သန်းကျော်ရောက်ရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်က ခရီးသွား ၃၂ သန်းခန့် ဝင်ရောက်ခဲ့ရာ ခရီးသွားဝင်ရောက်မှု စံချိန်တင်ခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို