ဂျပန်နိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်သဖြင့် လူသုံးဦးသေဆုံး

မတ် ၁၇

 

ဂျပန်နိုင်ငံတွင် ယမန်နေ့ညပိုင်းက ပြင်းအား ၇ ဒသမ ၄ ပမာဏရှိ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားသဖြင့် လူသုံးဦးသေဆုံးပြီး လူပေါင်း ၁၉၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ 

 

ဂျပန်နိုင်ငံ ငလျင်လှုပ်ခတ်မှုအဆင့် သုညမှ ခုနစ်အထိ ရှိရာတွင် ထိုငလျင်လှုပ်ခတ်မှုမှာ အဆင့် ခြောက်အထက်တွင် ရှိသည်။

 

မီယာဂီစီရင်စုရှိ အိုင်ချီနိုမာကီဆိပ်ကမ်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် လှိုင်းလုံးမှာ စင်တီမီတာ ၃၀ အထိ မြင့်တက်ခဲ့သည်။

 

ဖူကူရှီးမားနှင့် မီယာဂီကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်သည့်ရာနှင့်ချီသော လူများသည် ဘေးလွတ်ရာ ယာယီတဲစခန်းများ အောက်သို့ရွှေ့ပြောင်းကြသည်။

 

ထိုငလျင်လှုပ်ခတ်မှုကြောင့် အိမ်ခြေ နှစ်သန်းကျော် လျှပ်စစ်မီးများပြတ်တောက်ခဲ့ပြီး ရထားလိုင်းဝန်ဆောင်မှုများ ပြတ်တောက်ခဲ့သည်။

 

ထို့နောက် ဖူကူရှီးမားနှင့် ရှီယိုရှီဇိုဘူတာများအကြားတွင် ကျည်ဆန်ရထားတစ်စင်းလမ်းချော်မှု ဖြစ်ပွားခဲ့သည်ဟု  သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို