ဂျပန်နိုင်ငံမြောက်ပိုင်းနှင့်အရှေ့ပိုင်းတွင် လေပြင်းများတိုက်ခတ်နိုင်

မတ် ၂၈

ဂျပန်နိုင်ငံမြောက်ပိုင်းနှင့်အရှေ့ပိုင်းတွင်  မတ်လ ၂၉ ရက်မှစတင်ကာ လေပြင်းတိုက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး  လှိုင်းကြီးနိုင်သည်ဟုလည်း ကြိုတင်ခန့်မှန်းထားသည်။ လေဖိအားနည်းရပ်ဝန်းသည် အရှေ့တရုတ်ပင်လယ်ပြင်ကိုဖြတ်သန်းကာ ကျူရှူနှင့် ရှီကိုကူးဒေသအထိ မိုးများရွာသွန်းနိုင်သည်ဟု မိုးလေဝသအေဂျင်စီက ဆိုသည်။ လေဖိအားနည်းရပ်ဝန်းသည် အရှေ့မြောက်ဘက်ဂျပန်ပင်လယ်ပြင်သို့ ရွေ့လျားသွားဖွယ်ရှိသည်။ ဟော့ကိုင်းဒိုနှင့် ကန်တိုဒေသတွင် တစ်နာရီလျှင် ၈၂ ဒသမ ၈ ကီလိုမီတာနှုန်းဖြင့် တိုဟိုကူဒေသတွင်  တစ်နာရီလျှင် ၇၂ ကီလိုမီတာ နှုန်းဖြင့် လေပြင်းတိုက်ခတ်ဖွယ်ရှိသည်။ အဆိုပါဒေသများတွင် အမြင့် ၅ မီတာအထိ လှိုင်းကြီးနိုင်ကြောင်း ဖော်ပြထားသည်။ တိုကီနှင့် ကန်တို-ကိုရှင် ဒေသများရှိ အချို့နေရာများတွင် မိုးသည်းထန်စွာရွာသွန်းဖွယ်ရှိသည်။ မိုးလေဝသပညာရှင်များက လေဆင်နှာမောင်းများ၊ မိုးကြိုးများ၊ မြစ်ရေကြီးမှုများ၊ မြေနိမ့်ဒေသများတွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုများဖြစ်ပွားနိုင်သဖြင့် သတိဖြင့်နေထိုင်ကြရန် အကြံပြုပြောကြားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို