ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပြန်ပေးမယ်

၃၀ ဇူလိုင်

 

 

ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသား အချို့အား လာမယ့် သီတင်းပတ်ကစပြီး ပြည်ဝင်ခွင့် ပြန်ပေးမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

 

 

ဂျပန်နိုင်ငံမှာ နိုင်ငံခြားသား ၉၀ဝ၀ဝ အထိ နေထိုင်ခွင့် ရရှိထားကြောင်း သိရပါတယ်။ အဲဒီနိုင်ငံခြားသားတွေထဲမှာ ကျောင်းသူ ကျောင်းသား၊ စီးပွားရေး လုပ်ကိုင်နေသူနဲ့ နည်းပြတွေ ပါရှိပါတယ်။

 

 

အဲဒီနိုင်ငံခြားသားတွေဟာ လက်ရှိချိန်မှာ ဂျပန်နိုင်ငံက ဝင်ခွင့်မပေးသေးတဲ့အတွက် ဂျပန်နိုင်ငံပြင်ပမှာ ရှိနေကြရာ ဩဂုတ် ၅ ရက်နေ့ကစပြီး ဂျပန်နိုင်ငံကို ပြန်လည်လာနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

 

ဂျပန်နိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့်ရှိတဲ့ နိုင်ငံခြားသားတိုင်းဟာ သက်ဆိုင်ရာ ဂျပန်သံရုံးတွေကနေ “ပြည်ပြန်ဝင်ခွင့် ပြုစာ” ပါရှိရမှာဖြစ်ကြောင်းနဲ့ ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း စစ်ဆေးချက် ရရှိပြီး ၇၂ နာရီအတွင်း ဂျပန်နိုင်ငံကို ပြန်လာရမှာ ဖြစ်ပါတယ်။

 

 

စက်တင်ဘာ ၁ ရက်နေ့ကစပြီး အထက်ပါ စည်းကမ်းချက်အတိုင်း ဂျပန်နိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့်ရသူ၊ ဂျပန်နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေကိုလည်း  ပြည်ဝင်ခွင့်ရမယ်လို့ သိရပါတယ်။

 

 

ဂျပန်နိုင်ငံကို နိုင်ငံပေါင်း ၁၄၀ ကျော်က နိုင်ငံသားတွေ လာရောက်လည်ပတ်ခွင့် ပိတ်ပင်ထားပေမယ့် အဲဒီစာရင်းကို တဖြည်းဖြည်း ပယ်ဖျက်ပေးသွားမယ်လို့ သိရပါတယ်။

 

MDN

ကိုးကား - AFP

2356