ဂျပန်နိုင်ငံအိုဆာကာတွင် အဆောက်အအုံမီးလောင်မှုဖြစ်ပွား လူသုံးဦးသေဆုံး

ဒီဇင်ဘာ ၁၇

 

ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာမြို့တွင် အဆောက်အအုံတစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၀ ကျော် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ၎င်းတို့အနက် အများစုသည် ထင်ရှားသောလက္ခဏာများ ပြသခြင်းမရှိပါပဲနှင့် သေဆုံးခဲ့သည်။ ရှို့မီးကြောင့် ထိုအဆောက်အအုံ မီးလောင်ခြင်းဖြစ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေသည်။

 

ရှစ်ထပ်အဆောက်အအုံ၏စတုတ္ထမြောက်အထပ်တွင် ယနေ့ မနက် ၁၀ နာရီ ၃၀ မတိုင်ခင် မီးစတင်လောင်ကျွမ်းခဲ့ရာ ယင်းနေရာသို့ မီးသတ်သမားများရောက်ရှိလာပြီးနောက် မိနစ် ၃၀ အကြာတွင်  မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

အဆိုပါမီးလောင်မှုကြောင့် ၂၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂၇ ဦးသည် နှစ်လုံးသွေးကြောပိတ်ခြင်း ဝေဒနာခံစားနေရသည်ဟု ကယ်ဆယ်ရေးသမားများက ဆိုသည်။ ဆေးရုံတက်ကုသမှုခံယူနေဆဲလူနာများအနက် သုံးဦးသေဆုံးခဲ့သည်။

 

အခန်းများစွာရှိသည့်ထိုအဆောက်အအုံ၏စတုတ္ထမြောက်အထပ်တွင် ကျန်းမာရေးဆေးခန်းရှိပြီး စတုရန်းမီတာ ၂၀ ခန့်မီးလောင်ကျွမ်းခဲ့သည်။

 

အသက် ၆၀ ဝန်းကျင်ရှိအမျိုးသားတစ်ဦးသည် အရည်များယိုစိမ့်နေသော စက္ကူအိတ်တစ်အိတ် ကိုင်ဆောင် ထားသည်ကို မျက်မြင်များတွေ့ရှိခဲ့သည်ဟု ရဲသတင်းရင်းမြစ်က ဆိုသည်။

 

ထိုအရည်များ ကြမ်းပြင်ပေါ်ကျရာမှ မီးလောင်မှုစတင်ခဲ့သည်ဟု မျက်မြင်များက ပြောကြားသည်။

 

၎င်းမီးသည် တမင်ရည်ရွယ်ပြီးရှို့သည့်မီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ကသံသယရှိသည်။ ထိုသံသယရှိသူသည် ဒဏ်ရာရသူများကြားတွင် ပါရှိ၊မရှိဆိုသည်ကို  ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးလျက်ရှိသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို