ဂျပန်နိုင်ငံ မြောက်ပိုင်းတွင် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အိမ်ထောင်စု ၄၃၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့

၈ ဇန်နဝါရီ

 

 

ဂျပန်နိုင်ငံမြောက်ပိုင်း အကီတာစီရင်စုတွင် အင်းအားပြင်းထန်သည့် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အိမ်ထောင်စုပေါင်း ၄၃၂၀၀ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရသည်ဟု ဆိုသည်။

 

 

သောကြာနေ့ နံနက် ၁၁ နာရီအထိ  အကီတာမြို့တွင် အိမ်ထောင်စုပေါင်း ၂၇၁၀၀ နှင့် ဟာပိုမြို့ရှိ အိမ်ထောင်စုပေါင်း ၅၄၀၀ တို့မှ လျှပ်စစ်မီးများ ပြတ်တောက်ခဲ့သည်ဟု ဆိုသည်။ 

 

 

လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရန် ဆောင်ရွက်နေသော်လည်း မည့်သည့်အချိန်တွင် ဓာတ်အား ပြန်လည် ရရှိမည်ကိုမူ မသိရှိရသေးဟု ဆိုသည်။

 

 

ဟတ်ပိုမြို့တွင် ကြာသပတေးနေ့ ည ၈ နာရီထိုးပြီးနောက် တစ်နာရီလျှင် လေတိုက်နှုန်း ၁၅၃ ကီလိုမီတာဖြင့် နှင်းမုန်တိုင်း တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

a1