ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၈ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

၆ အောက်တိုဘာ

 

ဂျပန်မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ (GSDF)က တပ်ဖွဲ့ဝင် ၂၈ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ၎င်းတို့မှာ ဘာလီကျု့ပါတီတွင် ကူးစက်ခံရဖွယ်ရှိသည် ဆိုသည်။

 

ဂျပန်နိုင်ငံတစ်ဝန်းရှိ စခန်း ၂၄ ခုမှ တပ်ဖွဲ့ဝင် ၂၈ ဦး ယမန်နေ့က ရောဂါကူးစက်ခံရကြောင်း GSDF အရာရှိများက အတည်ပြုပြောကြားသည်။

 

ဇူလိုင်မှစက်တင်ဘာလအတွင်း အာစကာစခန်းတွင် လေ့ကျင့်ရေးသင်တန်းတက်ရောက်ခဲ့သော GSDF တပ်ဖွဲ့ဝင်အမျိုးသမီးဦးရေ ၁၉၀ ခန့် ရှိသည့်အနက် ၂၈ ဦး ကူးစက်ခံရခြင်းဖြစ်သည်။

 

ဆာတာမာစီရင်စုတွင် အားလပ်ရက်အပန်းဖြရန် စက်တင်ဘာ ၂၆ ရက်နေ့က သင်တန်းသူ ၄၄ ဦး ဘတ်စ်ကားတစ်စီးဖြင့် ခရီးသွားကာ ဘာဘီကျု့ပါတီပွဲ ကျင်းပခဲ့ကြသည်။ ထို ၄၄ ဦး အဖွဲ့မှ ၂၈ ဦး ရောဂါကူးစက်ခံရသည်။

 

ထိုဘတ်စ်ကားမှာ ပုဂ္ဂလိက ကုမ္ပဏီပိုင်ဖြစ်သည်။

 

အဆိုပါ အဖွဲ့သည် စင်းလုံးငှားဘတ်စ်ကားပေါ်တွင် သင့်တော်သော အကွာအဝေးများထားရှိရန်နှင့် ဗိုင်းရပ်စ်ပိုးနှင့်ပတ်သက်သည့် အခြားကာကွယ်မှုများပြုလုပ်ရန် ပျက်ကွက်ခဲ့သည်ဟု ထိုအရာရှိများက ယူဆထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို