ဂျပန်ခေတ် စစ်ဆေးရုံ မြေနေရာဟောင်း (ဗျောအင်း) တောင်ကုန်းအား စုပေါင်းရှင်းလင်း

 
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရှိ ဂျပန်ခေတ် စစ်ဆေးရုံမြေနေရာဟောင်းဖြစ်သည့် (ဗျောအင်း) တောင်ကုန်းအား ယနေ့နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
 
 
အင်းတော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများက အများပြည်သူများ  အလွယ်တကူ ကြည့်ရှုလေ့လာနိုင်ရေးအတွက် လမ်းကြောင်းဖော်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
 
''ဂျပန်ခေတ် ဆေးရုံမြေနေရာဟောင်းဖြစ်တဲ့ ဒီဗျောအင်းတောင်ကုန်းဟာ အရင်တုန်းက ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ရှိနေပြီးတော့ ဆေးရုံတောင်ကုန်းမှန်း သိပ်မသိကြဘူး။  ဒီတောင်ကုန်းပေါ်မှာ အခုလို အုတ်နံရံတွေ၊ အုတ်ရိုးတွေ၊ လိုဏ်ဂူပေါက်တွေ ရှိမှန်းလည်း သိပ်မသိကြဘူး။ အသက်အရွယ်ကြီးရင့်တဲ့ ဂျပန်ခေတ်ကို မီလိုက်တဲ့ လူကြီးသူမတွေက ပြောတာတော့ ကြားဖူးကြပါတယ်။ ခြုံနွယ်တွေ၊ သစ်ပင်တွေနဲ့ထူထပ်နေတော့ အသွားအလာလည်း သိပ်မရှိကြဘူး။ ထင်းခုတ်၊ မှိုရှာ၊ မျှစ်ချိုးတဲ့လူတွေပဲ သွားလေ့ရှိကြတာ။ အခုလိုရှင်းလင်းပြီး လမ်းတွေဖော်ပေးလိုက်တော့ အများပြည်သူတွေလည်း လာရောက်လေ့လာကြည့်ရှုလို့ ရသွားတာပေါ့ " ဟု အဆိုပါ ဆေးရုံဟောင်း မြေနေရာရှင်းလင်းရေးအဖွဲ့ ကော်မတီဝင်တစ်ဦးမှ ပြောပြခဲ့သည်။
 
 
ငြိမ်းအိအိဖြိုး