ဂျပန်က ကဖေးဆိုင်မှာ အတူတွဲကာတွေ့ခဲ့ရတဲ့ ရိန်းနဲ့ ကမ်တေဟီး


တောင်ကိုရီးယားရဲ့ နာမည်ကျော်ကြယ်ပွင့် စုံတွဲတစ်တွဲဖြစ်တဲ့ ရိန်းနဲ့ ကမ်တေဟီးတို့ကို လတ်တလောမှာတော့ ဂျပန်နိုင်ငံမှာ အတူတွဲကာ တွေ့ခဲ့ရကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။


ထိုင်ဝမ်မီဒီယာတစ်ခုဖြစ်တဲ့ အီးတီဒေးလီးရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ တေးသံရှင်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူ ရိန်းနဲ့ အောင်မြင်တဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ ကမ်တေဟီးတို့ဟာ ဂျပန်နိုင်ငံက ကဖေးဆိုင်တစ်ဆိုင်မှာ အတူရှိနေခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးတွေ့ဆုံစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ဟာလည်း လတ်တလောမှာတော့ အွန်လိုင်းမီဒီယာတွေပေါ်မှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။


ယင်းဓာတ်ပုံတွေမှာတော့ ကြယ်ပွင့်စုံတွဲဟာဘေးချင်းယှဉ်ထိုင်နေပြီး ရိန်းက ကမ်တေဟီးကိုဖက်ကာ စကား တွေပြောနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီလိုတွေ့ဆုံတာဟာ ရိန်းနဲ့ ကမ်တေဟီးတို့ရဲ့ မင်္ဂလာနှစ်ပတ် လည် တစ်နှစ်ပြည့်အထိမ်းအမှတ်လည်း ဖြစ်နိုင်ကြောင်း အဆိုပါမီဒီယာက သုံးသပ်ရေးသား ဖော်ပြခဲ့ပါတယ်။
ရိန်းနဲ့ ကမ်တေဟီးတို့ဟာ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီလအတွင်း လက်ထပ်ခဲ့ကြတာဖြစ်ပြီး အောက်တိုဘာလအတွင်း မှာတော့သမီးဦးလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။

 

အေးပြည့်