ဂျပန်ဟော့ကိုင်းဒိုးတွင် ကျောက်မီးသွေးတွင်း ပြတိုက် မီးလောင်ကျွမ်းမှု ဖြစ်ပွား

၁၉ ဧပြီ

 

ဂျပန်နိုင်ငံ မြောက်ပိုင်း ဟော့ကိုင်းဒိုး စီရင်စု ၊ ယူဘာရီ မြို့တော်ရှိ ကျောက်မီးသွေးတွင်းပြတိုက် တွင် ယမန်နေ့ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် မီးသတ်သမားများက မီးငြှိမ်းသတ်ရန် ကြိုးစားလုပ်ဆောင်နေကြကြောင်း သိရသည်။

 

ယူဘာရီ ကျောက်မီးသွေးတွင်း အလုပ်သမားတစ်ဦးသည်  ယမန်နေ့ညနှောင်းပိုင်းက မီးလောင်သည်ကို တွေ့ရှိကာ အဆိုပါကျောက်မီးသွေးတွင်းအောက်ဘက်ရှိ ဥမင်လိုဏ်ခေါင်းတစ်ခုမှ မီးခိုးထွက်ပေါ်လာသည်ဟု  ဆိုသည်။

 

mdn

 

ထိုဥမင်လိုဏ်ခေါင်းသည် တစ်ချိန်က ကျောက်မီးသွေးတွင်းတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယခုအခါ ကမ္ဘာလှည့်ခရီးသည်များနှင့် ဧည့်သည်များကို ဂျပန်နိုင်ငံ၏ ကျောက်မီးသွေးလုပ်ငန်းနှင့် ပတ်သက်ပြီး မီးမောင်းထိုးပြသည့် ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

 

၎င်းမီးလောင်ကျွမ်းရာ နေရာကို မီးသတ်ကား ငါးစီးဖြင့် မီးငြှိမ်းသတ်နေသော်လည်း ယနေ့မနက်ပိုင်းတွင် ယင်းကျောက်မီးသွေးတွင်း အပြင်ဘက်သို့ မီးခိုးဖြူများ ဆက်လက်ထွက်ပေါ်နေကြောင်း ဖော်ပြထားသည်။

 

မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက ယင်းမီးလောင်မှုမှာ ကျောက်မီးသွေးတွင်းအောက်ဘက်ရှိ ကျောက်မီးသွေးအလွှာတစ်ခု မီးလောင်ခံရခြင်းကြောင့် ဖြစ်သည်ဟု သံသယရှိကြသည်။

 

mdn

 

ဂျပန်နိုင်ငံ၏ စက်မှုလုပ်ငန်းကို အားပေးလှုံ့ဆော်သည့် နိုင်ငံ၏ ကျောက်မီးသွေးစက်မှုလုပ်ငန်းကို ပြသရန် အဆိုပါ ကျောက်မီးသွေးတွင်းကို ၁၉၈၀ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုကျောက်မီးသွေးတွင်းကို ပြန်လည်ပြုပြင်မွမ်းမံသည့် ကုန်ကျစရိတ်မှာ ဒေါ်လာ ၄ ဒသမ ၅ သန်းခန့်ဖြစ်ကြောင်း သိရသည်။

 

ဘာသာပြန် - မြင့်မြင့်ချို

ကိုးကား- အန်အိတ်ချ်ကေ